ငါ့စာဖတ်၍၊မမြတ်တိုင်စေ၊ မရှုံးစေသား၊ပျင်းပြေနှစ်ခြိုက်၊ တွေးဖွယ်ထိုက်ရာ၊တပိုဒ်တလေ၊ တွေ့ငြားပေမူ၊စာပေကျေးကျွန်၊ ငါဝတ်ပွန်ပြီ၊ငါမွန်အမြတ်၊ ငါအတတ်ဟု၊စာဖတ်သူပေါ်၊ ခေါင်းကိုကျော်၍၊ငါသော်ဆရာ၊ မလုပ်ပါတည်း။ တက္ကသိုလ် ဘုန်းနိုင်