စစ်နဲ့ ငြိမ်းချမ်းရေး
စစ်နဲ့ ငြိမ်းချမ်းရေး ××××××××××××××× ►စစ်◄ လက်နက်ကိုင်ပဋိပက္ခ တစ်ခုတည်းနဲ့ ကန့်သတ်လို့ မရတော့ဘူး သဘောတရားရေးတိုက်ပွဲတွေ၊ စီးပွားရေးတိုက်ပွဲတွေ ၊ ၀ါဒရေးရာတိုက်ပွဲတွေ၊ နည်းပညာတိုက်ပွဲတွေ စသဖြင့် လက်နက်ကိုင်တိုက်ပွဲပဲ ဖြစ်ဖြစ် ၊ စစ်အေးတိုက်ပွဲပဲ ဖြစ်ဖြစ် စစ် ကတော့ စစ်ပဲ ဖြစ်ပါတယ်။ ဂုဏ်သိက္ခာတွေ၊ ပဋိပက္ခတွေ၊ အာဏာအားပြိုင်မှုတွေကတော့ တစ်ချိန်လုံး ဆက်ရှိနေမှာပဲ လူလက်နက်အင်အားနဲ့ ခြိမ်းခြောက်တာတွေ ၊ သံတမန်နည်းနဲ့ ဖိအားပေးတာတွေ၊ စီးပွားရေးနည်းနဲ့ အကူအညီပေးတာ(သို့) အကူအညီဖြတ်တောက်တာ စတဲ့ နည်းလမ်းတွေသာ ကွာရင်ကွာမယ် အားပြိုင်မှုတွေ၊ တင်းမာမှုတွေဆိုတာ ဆက်ရှိနေဦးမှာပဲလေ။ ►ငြိမ်းချမ်းရေး◄ နိုင်ငံတစ်နိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ အမိန့်အာဏာတည်တံ့မှု (Peace and Order) ဟာ ပုံမှန်အနေအထားဖြစ်ရပါမယ် ဒီပုံမှန်အနေအထားပျက်ပြားတာဟာ စစ်ပွဲရှိနေတဲ့ သဘောပါ။ ငြိမ်းချမ်းရေးဆိုတာ ကမ္ဘာပေါ်မှာ အစဉ်အဆက်ရှိနေတဲ့ စစ်မက်ကာလအတွင်း ခေတ္တခဏ အပစ်အခတ် ရပ်စပ်လိုက်ခြင်းမျှသာ ဖြစ်တယ်လို့ ဂရိအတွေးအခေါ်ပညာရှင် (Thucydides) က ဆိုပါတယ်။ စစ်ဆိုတာလည်း အာဏာစွမ်းအား တစ်ခုနဲ့တစ်ခု ဓမ္မတာသဘောအရ ကူးပြောင်းဆက်နွယ်မှုပါ။ လူသားတွေရဲ...