စစ်နဲ့ ငြိမ်းချမ်းရေး


စစ်နဲ့ ငြိမ်းချမ်းရေး
×××××××××××××××
►စစ်◄
လက်နက်ကိုင်ပဋိပက္ခ တစ်ခုတည်းနဲ့ ကန့်သတ်လို့ မရတော့ဘူး
သဘောတရားရေးတိုက်ပွဲတွေ၊ စီးပွားရေးတိုက်ပွဲတွေ ၊
ဝါဒရေးရာတိုက်ပွဲတွေ၊ နည်းပညာတိုက်ပွဲတွေ စသဖြင့် လက်နက်ကိုင်တိုက်ပွဲပဲ ဖြစ်ဖြစ်
၊ စစ်အေးတိုက်ပွဲပဲ ဖြစ်ဖြစ် စစ် ကတော့ စစ်ပဲ ဖြစ်ပါတယ်။
ဂုဏ်သိက္ခာတွေ၊ ပဋိပက္ခတွေ၊ အာဏာအားပြိုင်မှုတွေကတော့ တစ်ချိန်လုံး ဆက်ရှိနေမှာပဲ
လူလက်နက်အင်အားနဲ့ ခြိမ်းခြောက်တာတွေ ၊ သံတမန်နည်းနဲ့ ဖိအားပေးတာတွေ၊
စီးပွားရေးနည်းနဲ့ အကူအညီပေးတာ(သို့) အကူအညီဖြတ်တောက်တာ စတဲ့
နည်းလမ်းတွေသာ ကွာရင်ကွာမယ် အားပြိုင်မှုတွေ၊ တင်းမာမှုတွေဆိုတာ ဆက်ရှိနေဦးမှာပဲလေ။

►ငြိမ်းချမ်းရေး◄
နိုင်ငံတစ်နိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ အမိန့်အာဏာတည်တံ့မှု (Peace and Order) ဟာ ပုံမှန်အနေအထားဖြစ်ရပါမယ်
ဒီပုံမှန်အနေအထားပျက်ပြားတာဟာ စစ်ပွဲရှိနေတဲ့ သဘောပါ။
ငြိမ်းချမ်းရေးဆိုတာ ကမ္ဘာပေါ်မှာ အစဉ်အဆက်ရှိနေတဲ့ စစ်မက်ကာလအတွင်း ခေတ္တခဏ အပစ်အခတ် ရပ်စပ်လိုက်ခြင်းမျှသာ
ဖြစ်တယ်လို့ ဂရိအတွေးအခေါ်ပညာရှင် (Thucydides) က ဆိုပါတယ်။
စစ်ဆိုတာလည်း အာဏာစွမ်းအား တစ်ခုနဲ့တစ်ခု ဓမ္မတာသဘောအရ ကူးပြောင်းဆက်နွယ်မှုပါ။
လူသားတွေရဲ့ အငြင်းပွားမှုတွေ၊ ပဋိပက္ခတွေကို ပြေငြိမ်းနိုင်တဲ့ နည်းလမ်းနှစ်ခုကတော့ တရားဥပဒေနည်းနဲ့
အင်အားသုံးတဲ့ နည်း ပါ။
လူ့အဖွဲ့အစည်းအတွင်းမှာ တရားဥပဒေမစိုးမိုးတော့ဘူးဆိုရင် စစ်အင်အားနဲ့ အရာရာကို
အဆုံးအဖြတ်ပေးရမှာပါ။
ဒါပေမယ့် အဲဒီအင်အားသုံးဖြေရှင်းနည်းဟာလဲ ငြိမ်းချမ်းရေးကို ဘယ်တော့မှ ရစေမှာမဟုတ်ပါဘူး
ငြိမ်းချမ်းရေးကိုလျှောက်လမ်းနိုင်မယ့်နည်းက တရားဥပဒေနည်းပါ။
ဲရင်ဆိုင်ကြုံတွေ့နေရတဲ့ အငြင်းပွားမှုတွေ၊ ပဋိပက္ခတွေကို အင်အားမသုံးဘဲ တစ်ဦးနဲ့တစ်ဦး
ညှိနှိုင်းဆွေးနွေးခြင်းအားဖြင့် ဖြေရှင်းလိုတဲ့ စိတ်ဆန္ဒ ရှိနေကြတဲ့ အခြေအနေဟာ ငြိမ်းချမ်းရေးဖြစ်တယ်

ဆွေးနွေးပြောဆိုခြင်းနဲ့ နားစိုက်ဆင်ခြင်ခြင်းသာလျှင် လူသားတွေရဲ့ ကိုယ်ပိုင်လမ်းစဉ်ဖြစ်ပါတယ်။
မဟာအတွေးအခေါ်ရောင်စဉ်လှိုင်း (မောင်ကြည်သစ်)(စစ်နဲ့ငြိမ်းချမ်းရေး)

Comments

Popular posts from this blog

Data Science ဆိုတာ ဘာလဲ

သင်ကြားမှုအတတ်ပညာ

ခေါင်းဆောင်မှု