ခေါင်းဆောင်မှု

ခေါင်းဆောင်
၁။ ရှေ့ဆောင်သည် ရှေ့ကသွားသည် (လူမှုရေးအသင်းအဖွဲ့တွေမှာ အများစုတွေ့နိုင်တယ် ထင်ပေါ်ကျော်ကြားမှု လူသိများမှုကို အခြေခံပြီး ရှေ့တန်းကပြယုဂ်ထားဖို့ ခေါင်းဆောင်းအဖြစ် တင်မြောက်ခံရသူ)
၂။ ကျွမ်းကျင်တဲ့ အပြုအမူ (၀ါ) ကျွမ်းကျင်လိမ္မာမှု (ပညာရေးနဲ့ ဘာသာရေးအဖွဲ့အစည်းတွေမှာ တွေ့ရမှာ ဖြစ်ပါတယ်)
၃။ နိုင်ငံရေးခေါင်းဆောင်မှု (အကျင့်စရဏကောင်းမြတ်မှုနဲ့ အသိဥာဏ်ပညာထက်မြက်မှု နှစ်မျိုးစလုံးပြည့်စုံတဲ့ ဒဿနာပညာရှင်ဘုရင်(Philosopher King)) ပလေတို (ဘီစီ 428-347)

ခေါင်းဆောင်လုပ်သူဟာ မိမိရဲ့ ကိုယ်ကျိုးစီးပွားထက် လူ့အဖွဲ့အစည်းရဲ့ အကျိုးစီးပွားကို ပိုပြီး စိတ်ဝင်စားရမယ်။ ပိုပြီး ဦးစားပေးရမယ်။ မှန်ကန်ပြည့်စုံပြီး ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေကိုလည်း လက်တွေ့ကျကျ ချမှတ်နိုင်ရမယ်။ ပြတ်သားရမယ်။ သတ္တိ ရှိရမယ်။ ထင်ပေါ်ကျော်ကြားမှုလျော့သွားမှာ၊ ပျက်သွားမှာတို့ ၊ မှားယွင်းသွားမှာတို့ကို ဂရုမထားဘဲ အရေးကြုံလာရင် စွန့်စားရဲရမယ်။ သမာသမတ်ကျတဲ့ စိတ်ဓာတ်အမြဲရှိပြီး မိမိကိုယ်ကို ယုံကြည်မှုအရည်အချင်းလည်း ရှိရမှာဖြစ်တယ်။ နိုင်ငံရေးအကျပ်အတည်းနဲ့ ခေါင်းဆောင်ကောင်းဟာ ယှဉ်တွဲနေတတ်တယ်။


မဟာအတွေးအမြင် ရောင်စဉ်လှိုင်း- မောင်ကြည်သစ် (အခန်း ၂ နိုင်ငံတော် ၆။ ခေါင်းဆောင်မှု

Comments

Popular posts from this blog

Data Science ဆိုတာ ဘာလဲ

သင်ကြားမှုအတတ်ပညာ