သင်ကြားမှုအတတ်ပညာ

သင်ကြားမှုအတတ်ပညာ
---------------------------||-------------------------------
ဆရာရဲ့နည်းစနစ်ကျတဲ့ လမ်းညွှန်မှုက ကျောင်းသားတွေရဲ့ လေ့လာသင်ယူရေးကို ပိုမိုလွယ်ကူသွားစေပြီး ပိုပြီး ထိရောက်စေပါတယ်။ ဆရာဆိုတာ စကားပြောနေတဲ့ စာအုပ်တစ်အုပ် မဟုတ်ပါဘူး။ အသံထွက်နေတဲ့ ဓာတ် ပြားတစ်ချပ်လည်း မဟုတ်ပါဘူး။ ကိုယ်မသိဘူး၊ မတွေ့ဘူးတဲ့ ပရိသတ်ဆီကို သတင်းပေးနေတဲ့ ရေဒီယိုအသံလွှင့် ချက်တစ်ခုလည်း မဟုတ်ပါဘူး။ ဆရာဆိုတာ သူ့တပည့်ကျောင်းသားနဲ့ အခြေအတင် ပြောဆိုဆွေးနွေးတဲ့သူ ဖြစ်တယ်။ ဒီလိုအခြေအတင် ပြောဆိုဆွေးနွေးတာဟာ စကားပြောတာသက်သက် မဟုတ်ပါဘူး။ ဒီထက်ပိုပြီး လေးနက်ပါတယ်။ ပြောဆိုဆွေးနွေးခြင်းအားဖြင့် ဆရာနဲ့တပည့်အကြား ကိုယ်ပိုင်အမြင်ချင်း ဖလှယ်လို့ရပြီး သင်ကြားချက်တော်တော်များဟာ အဲဒီအထဲကို မသိမသာ ကူးပြောင်းစီးဝင်သွားတာကြောင့်ပဲ ဖြစ်ပါတယ်။
ပညာသင်ယူသူကျောင်းသားဟာ နောက်လိုက်သာဝက(Disciple) ဖြစ်ပါတယ်။ ဆရာဆိုတာကလည်း တပည့်ဖြစ်သူ အမှန်တရားကို ခွဲခြားသိမြင်အောင်၊ အကဲဖြတ်ဝေဖန်တတ်အောင်၊ တန်ဖိုးထားတတ်အောင် သင်ကြားပြသပေးသူ ဖြစ်ပါတယ်။ အလွတ်ကျက်ရမယ့် ပုံသေအယူအဆတွေ၊ အယူဝါဒတွေ ပြဌာန်းသတ်မှတ်ပေးသူ မဟုတ်ပါဘူး။ ကိုယ်တိုင်စဉ်းစားတွေးခေါ်ပြီး သင်ယူတတ်အောင် ဆရာက လမ်းပြပြီး သင်ကြားပေးပါတယ်။ ဆရာဟာ ကျောင်းသားတွေရဲ့ အသိဥာဏ်နဲ့ယှဉ်တဲ့ ဝေဖန်တုံ့ပြန်မှုကို အမြဲတမ်း အားပေး အားမြှောက်ပြုပါတယ်။
ပူးပေါင်းဆောင်ရွက်ရတဲ့ အတတ်ပညာတွေထဲမှာ အဆင့်အမြင့်ဆုံးဖြစ်တဲ့ သင်ကြားမှုအတတ်ပညာဟာ အများသူငါ ကောင်းကျိုးဆောင်ဖို့ မိမိဘ၀ကို ပေးအပ်မြှုပ်နှံထားရတဲ့ အလုပ်ဖြစ်ပါတယ်။ ဒါဟာ အမြင့်မြတ်ဆုံးသော စွန့်လွတ်အနစ်နာခံမှုလည်း ဖြစ်ပါတယ်။ သင်ကြားမှုဆိုတာ အကြီးကျယ်ဆုံး အလှူဒါန ဖြစ်ပါတယ်။


#ဆရာပီသသူများအားထာဝစဉ်ဦးထိပ်ထားလျက်

Comments

Popular posts from this blog

Data Science ဆိုတာ ဘာလဲ

ခေါင်းဆောင်မှု