တရားမျှတခြင်း

တရားမျှတခြင်း
☺☺☺☺☺☺☺☺☺☺☺☺☺☺
၁။ တစ်ဦးချင်းစီ၏ ရပိုင်ခွင့်ကို အပ်နှင်းပေးပါ။
၂။ သာတူညီမျှ ဆက်ဆံပါ။
၁။ လူသားတစ်ဦးချင်းစီရဲ့ ဘ၀ရပ်တည်ပိုင်ခွင့်၊ လွတ်လပ်ခွင့်နဲ့ ပျော်ရွှင်ချမ်းမြေ့မှုကို ရှာဖွေစူးစမ်းပိုင်ခွင့် တွေပဲ ဖြစ်ပါတယ်။ ဒါက တစ်ဦးချင်းစီ၏ ရပိုင်ခွင့် ဖြစ်ပါတယ်။
၂။ စွမ်းဆောင်ရည် ပိုများတဲ့သူကို အကျိုးကျေးဇူးရရှိခံစားခွင့် ပိုပြီးပေးရမှာဖြစ်ပြီး စွမ်းဆောင်ရည် နည်းသူကတော့ အကျိုးခံစားခွင့် ပိုနည်းမှာပဲ ဖြစ်ပါတယ်။ သာတူညီမျှခြင်းရဲ့ သဘောပါ။ ဒီနေရာမှာတော့ တစ်ဦးချင်းစီရဲ့ စွမ်းဆောင်ရည် ခြားနားမှုတွေကို ဘယ်လို ဆုံးဖြတ်ကြမလဲ။ ဘယ်လို စံနှုန်းတွေနဲ့ တိုင်းတာကြမလဲ ဆိုတာ အငြင်းပွားစရာတွေ အများကြီးလည်း ရှိနေပါတယ်။ တရားမျှတခြင်း အကြောင်းအရာကို ယေဘုယျအားဖြင့် ပြောရတာလွယ်သလောက် လက်တွေ့လူ့ဘ၀ရဲ့ သီးခြားကိစ္စတွေမှာ ဒါက မတရားဘူး ဒါက တရားတယ် ဆိုပြီး ဆုံးဖြတ်ပြောဆိုဖို့ ခက်ခဲပါလိမ့်မယ်။


Comments

Popular posts from this blog

Data Science ဆိုတာ ဘာလဲ

သင်ကြားမှုအတတ်ပညာ

ခေါင်းဆောင်မှု