What is Data Science?
သိပ္ပံနည်းကျ နည်းစနစ်များကို အသုံးပြု၍ နယ်ပယ်အသီးသီး ကဏ္ဍအသီးသီးမှ သက်ဆိုင်ရာ အချက်အလက်(Data) တွေ မှတဆင့် သိရှိနားလည်မှုတွေနှင့် ထိုးထွင်းသိမြင်မှုတွေကို ရှာဖွေဖော်ထုတ်ပြီး ကြိုတင်ဟောကိန်းထုတ်ဖြေရှင်းဆောင်ရွက်တဲ့ လုပ်ငန်းစဉ် ဖြစ်ပါတယ်။
၁။ Problem- စီးပွားရေး၊ ပညာရေး၊ သုတေသနလုပ်ငန်းစဉ်တွေမှာ မိမိတို့ရှာဖွေဖော်ထုတ်လိုတဲ့ အကြောင်းအရာ (သို့မဟုတ်) ဖြေရှင်းဆောင်ရွက်လိုတဲ့ ပြဿနာအရင်းအမြစ်ကို သိရှိနားလည်ဖို့ လိုအပ်ပါတယ်။ လိုချင်တဲ့ ဘုံရည်မှန်းချက်ကို ရှာဖွေဖော်ထုတ်ခြင်းနှင့် ကြိုတင်မှန်းဆလို့ရနိုင်တဲ့ မူသေမဟုတ်သော ကိန်းရှင်(သို့)အကြောင်းအရာတွေကိုလည်း ရှာဖွေဖော်ထုတ်ရန် လိုအပ်ပါတယ်။
၂။ Data Acquisition- အမှန်တကယ်လိုအပ်တဲ့ Data က ဘာတွေလဲ၊ Data အရင်းအမြစ်က ဘာလဲ၊ Data တွေကို ဘယ်လောက်ထိ ရရှိနိုင်မလဲ၊ Data တွေကို အသုံးချဖို့ သိမ်းဆည်းဖို့အတွက် အကျိုးသက်ရောက်မှုအရှိဆုံးနည်းလမ်းက ဘာတွေလဲ စတဲ့ Data အချက်အလက်တွေကို ရှာဖွေဖော်ထုတ်ရန် လိုအပ်ပါတယ်။
ဆက်လက်ဖော်ပြပါမည်။

Comments