Posts

What is Data Science?

Image
သိပ္ပံနည်းကျ နည်းစနစ်များကို အသုံးပြု၍ နယ်ပယ်အသီးသီး ကဏ္ဍအသီးသီးမှ သက်ဆိုင်ရာ အချက်အလက်(Data) တွေ မှတဆင့် သိရှိနားလည်မှုတွေနှင့် ထိုးထွင်းသိမြင်မှုတွေကို ရှာဖွေဖော်ထုတ်ပြီး ကြိုတင်ဟောကိန်းထုတ်ဖြေရှင်းဆောင်ရွက်တဲ့ လုပ်ငန်းစဉ် ဖြစ်ပါတယ်။ ၁။ Problem- စီးပွားရေး၊ ပညာရေး၊ သုတေသနလုပ်ငန်းစဉ်တွေမှာ မိမိတို့ရှာဖွေဖော်ထုတ်လိုတဲ့ အကြောင်းအရာ (သို့မဟုတ်) ဖြေရှင်းဆောင်ရွက်လိုတဲ့ ပြဿနာအရင်းအမြစ်ကို သိရှိနားလည်ဖို့ လိုအပ်ပါတယ်။ လိုချင်တဲ့ ဘုံရည်မှန်းချက်ကို ရှာဖွေဖော်ထုတ်ခြင်းနှင့် ကြိုတင်မှန်းဆလို့ရနိုင်တဲ့ မူသေမဟုတ်သော ကိန်းရှင်(သို့)အကြောင်းအရာတွေကိုလည်း ရှာဖွေဖော်ထုတ်ရန် လိုအပ်ပါတယ်။ ၂။ Data Acquisition- အမှန်တကယ်လိုအပ်တဲ့ Data က ဘာတွေလဲ၊ Data အရင်းအမြစ်က ဘာလဲ၊ Data တွေကို ဘယ်လောက်ထိ ရရှိနိုင်မလဲ၊ Data တွေကို အသုံးချဖို့ သိမ်းဆည်းဖို့အတွက် အကျိုးသက်ရောက်မှုအရှိဆုံးနည်းလမ်းက ဘာတွေလဲ စတဲ့ Data အချက်အလက်တွေကို ရှာဖွေဖော်ထုတ်ရန် လိုအပ်ပါတယ်။ ဆက်လက်ဖော်ပြပါမည်။

သင်ကြားမှုအတတ်ပညာ

Image
သင်ကြားမှုအတတ်ပညာ ---------------------------||------------------------------- ဆရာရဲ့နည်းစနစ်ကျတဲ့ လမ်းညွှန်မှုက ကျောင်းသားတွေရဲ့ လေ့လာသင်ယူရေးကို ပိုမိုလွယ်ကူသွားစေပြီး ပိုပြီး ထိရောက်စေပါတယ်။ ဆရာဆိုတာ စကားပြောနေတဲ့ စာအုပ်တစ်အုပ် မဟုတ်ပါဘူး။ အသံထွက်နေတဲ့ ဓာတ် ပြားတစ်ချပ်လည်း မဟုတ်ပါဘူး။ ကိုယ်မသိဘူး၊ မတွေ့ဘူးတဲ့ ပရိသတ်ဆီကို သတင်းပေးနေတဲ့ ရေဒီယိုအသံလွှင့် ချက်တစ်ခုလည်း မဟုတ်ပါဘူး။ ဆရာဆိုတာ သူ့တပည့်ကျောင်းသားနဲ့ အခြေအတင် ပြောဆိုဆွေးနွေးတဲ့သူ ဖြစ်တယ်။ ဒီလိုအခြေအတင် ပြောဆိုဆွေးနွေးတာဟာ စကားပြောတာသက်သက် မဟုတ်ပါဘူး။ ဒီထက်ပိုပြီး လေးနက်ပါတယ်။ ပြောဆိုဆွေးနွေးခြင်းအားဖြင့် ဆရာနဲ့တပည့်အကြား ကိုယ်ပိုင်အမြင်ချင်း ဖလှယ်လို့ရပြီး သင်ကြားချက်တော်တော်များဟာ အဲဒီအထဲကို မသိမသာ ကူးပြောင်းစီးဝင်သွားတာကြောင့်ပဲ ဖြစ်ပါတယ်။ ပညာသင်ယူသူကျောင်းသားဟာ နောက်လိုက်သာဝက(Disciple) ဖြစ်ပါတယ်။ ဆရာဆိုတာကလည်း တပည့်ဖြစ်သူ အမှန်တရားကို ခွဲခြားသိမြင်အောင်၊ အကဲဖြတ်ဝေဖန်တတ်အောင်၊ တန်ဖိုးထားတတ်အောင် သင်ကြားပြသပေးသူ ဖြစ်ပါတယ်။ အလွတ်ကျက်ရမယ့် ပုံသေအယူအဆတွေ၊ အယူဝါဒတွေ ပြဌာန်းသတ်မှတ်ပေးသူ မဟုတ်ပါဘူး။ ကိုယ်တိုင်စဉ်းစားတွေးခေါ်ပြီး သင်...

တရားမျှတခြင်း

Image
တရားမျှတခြင်း ☺☺☺☺☺☺☺☺☺☺☺☺☺☺ ၁။ တစ်ဦးချင်းစီ၏ ရပိုင်ခွင့်ကို အပ်နှင်းပေးပါ။ ၂။ သာတူညီမျှ ဆက်ဆံပါ။ ၁။ လူသားတစ်ဦးချင်းစီရဲ့ ဘ၀ရပ်တည်ပိုင်ခွင့်၊ လွတ်လပ်ခွင့်နဲ့ ပျော်ရွှင်ချမ်းမြေ့မှုကို ရှာဖွေစူးစမ်းပိုင်ခွင့် တွေပဲ ဖြစ်ပါတယ်။ ဒါက တစ်ဦးချင်းစီ၏ ရပိုင်ခွင့် ဖြစ်ပါတယ်။ ၂။ စွမ်းဆောင်ရည် ပိုများတဲ့သူကို အကျိုးကျေးဇူးရရှိခံစားခွင့် ပိုပြီးပေးရမှာဖြစ်ပြီး စွမ်းဆောင်ရည် နည်းသူကတော့ အကျိုးခံစားခွင့် ပိုနည်းမှာပဲ ဖြစ်ပါတယ်။ သာတူညီမျှခြင်းရဲ့ သဘောပါ။ ဒီနေရာမှာတော့ တစ်ဦးချင်းစီရဲ့ စွမ်းဆောင်ရည် ခြားနားမှုတွေကို ဘယ်လို ဆုံးဖြတ်ကြမလဲ။ ဘယ်လို စံနှုန်းတွေနဲ့ တိုင်းတာကြမလဲ ဆိုတာ အငြင်းပွားစရာတွေ အများကြီးလည်း ရှိနေပါတယ်။ တရားမျှတခြင်း အကြောင်းအရာကို ယေဘုယျအားဖြင့် ပြောရတာလွယ်သလောက် လက်တွေ့လူ့ဘ၀ရဲ့ သီးခြားကိစ္စတွေမှာ ဒါက မတရားဘူး ဒါက တရားတယ် ဆိုပြီး ဆုံးဖြတ်ပြောဆိုဖို့ ခက်ခဲပါလိမ့်မယ်။

စစ်နဲ့ ငြိမ်းချမ်းရေး

Image
စစ်နဲ့ ငြိမ်းချမ်းရေး ××××××××××××××× ►စစ်◄ လက်နက်ကိုင်ပဋိပက္ခ တစ်ခုတည်းနဲ့ ကန့်သတ်လို့ မရတော့ဘူး သဘောတရားရေးတိုက်ပွဲတွေ၊ စီးပွားရေးတိုက်ပွဲတွေ ၊ ၀ါဒရေးရာတိုက်ပွဲတွေ၊ နည်းပညာတိုက်ပွဲတွေ စသဖြင့် လက်နက်ကိုင်တိုက်ပွဲပဲ ဖြစ်ဖြစ် ၊ စစ်အေးတိုက်ပွဲပဲ ဖြစ်ဖြစ် စစ် ကတော့ စစ်ပဲ ဖြစ်ပါတယ်။ ဂုဏ်သိက္ခာတွေ၊ ပဋိပက္ခတွေ၊ အာဏာအားပြိုင်မှုတွေကတော့ တစ်ချိန်လုံး ဆက်ရှိနေမှာပဲ လူလက်နက်အင်အားနဲ့ ခြိမ်းခြောက်တာတွေ ၊ သံတမန်နည်းနဲ့ ဖိအားပေးတာတွေ၊ စီးပွားရေးနည်းနဲ့ အကူအညီပေးတာ(သို့) အကူအညီဖြတ်တောက်တာ စတဲ့ နည်းလမ်းတွေသာ ကွာရင်ကွာမယ် အားပြိုင်မှုတွေ၊ တင်းမာမှုတွေဆိုတာ ဆက်ရှိနေဦးမှာပဲလေ။ ►ငြိမ်းချမ်းရေး◄ နိုင်ငံတစ်နိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ အမိန့်အာဏာတည်တံ့မှု (Peace and Order) ဟာ ပုံမှန်အနေအထားဖြစ်ရပါမယ် ဒီပုံမှန်အနေအထားပျက်ပြားတာဟာ စစ်ပွဲရှိနေတဲ့ သဘောပါ။ ငြိမ်းချမ်းရေးဆိုတာ ကမ္ဘာပေါ်မှာ အစဉ်အဆက်ရှိနေတဲ့ စစ်မက်ကာလအတွင်း ခေတ္တခဏ အပစ်အခတ် ရပ်စပ်လိုက်ခြင်းမျှသာ ဖြစ်တယ်လို့ ဂရိအတွေးအခေါ်ပညာရှင် (Thucydides) က ဆိုပါတယ်။ စစ်ဆိုတာလည်း အာဏာစွမ်းအား တစ်ခုနဲ့တစ်ခု ဓမ္မတာသဘောအရ ကူးပြောင်းဆက်နွယ်မှုပါ။ လူသားတွေရဲ...

ခေါင်းဆောင်မှု

Image
ခေါင်းဆောင် ၁။ ရှေ့ဆောင်သည် ရှေ့ကသွားသည် (လူမှုရေးအသင်းအဖွဲ့တွေမှာ အများစုတွေ့နိုင်တယ် ထင်ပေါ်ကျော်ကြားမှု လူသိများမှုကို အခြေခံပြီး ရှေ့တန်းကပြယုဂ်ထားဖို့ ခေါင်းဆောင်းအဖြစ် တင်မြောက်ခံရသူ) ၂။ ကျွမ်းကျင်တဲ့ အပြုအမူ (၀ါ) ကျွမ်းကျင်လိမ္မာမှု (ပညာရေးနဲ့ ဘာသာရေးအဖွဲ့အစည်းတွေမှာ တွေ့ရမှာ ဖြစ်ပါတယ်) ၃။ နိုင်ငံရေးခေါင်းဆောင်မှု (အကျင့်စရဏကောင်းမြတ်မှုနဲ့ အသိဥာဏ်ပညာထက်မြက်မှု နှစ်မျိုးစလုံးပြည့်စုံတဲ့ ဒဿနာပညာရှင်ဘုရင်(Philosopher King)) ပလေတို (ဘီစီ 428-347) ခေါင်းဆောင်လုပ်သူဟာ မိမိရဲ့ ကိုယ်ကျိုးစီးပွားထက် လူ့အဖွဲ့အစည်းရဲ့ အကျိုးစီးပွားကို ပိုပြီး စိတ်ဝင်စားရမယ်။ ပိုပြီး ဦးစားပေးရမယ်။ မှန်ကန်ပြည့်စုံပြီး ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေကိုလည်း လက်တွေ့ကျကျ ချမှတ်နိုင်ရမယ်။ ပြတ်သားရမယ်။ သတ္တိ ရှိရမယ်။ ထင်ပေါ်ကျော်ကြားမှုလျော့သွားမှာ၊ ပျက်သွားမှာတို့ ၊ မှားယွင်းသွားမှာတို့ကို ဂရုမထားဘဲ အရေးကြုံလာရင် စွန့်စားရဲရမယ်။ သမာသမတ်ကျတဲ့ စိတ်ဓာတ်အမြဲရှိပြီး မိမိကိုယ်ကို ယုံကြည်မှုအရည်အချင်းလည်း ရှိရမှာဖြစ်တယ်။ နိုင်ငံရေးအကျပ်အတည်းနဲ့ ခေါင်းဆောင်ကောင်းဟာ ယှဉ်တွဲနေတတ်တယ်။ မဟာအတွေးအမြင် ရောင်စဉ်လှိုင်း- မောင်ကြည်သစ် (...

Data Science ဆိုတာ ဘာလဲ

Image
စီးပွားရေးနယ်ပယ်တွေ နည်းပညာနယ်ပယ်တွေ ပညာရေးနယ်ပယ်တွေနှင့် နယ်ပယ်အသီးအသီးမှာ ရှိတဲ့ အချက်အလက်တွေကို စနစ်တကျခွဲခြမ်းစိတ်ဖြာပြီး ကြိုတင်ခန့်မှန်းတာ အဖြေရှာတာ သုတေသန လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် Data Science က များစွာ အထောက်အကူဖြစ်စေပါတယ်.....(မိမိနားလည်သဘောပေါက်သည့်အတိုင်း မျှဝေရေးသားခြင်းသာဖြစ်ပါသည်။ What is the Data Science Data Science is the process of extracting knowledge and insights from data by using scientific methods. Scientific Methods Programming + Statistics + Business, etc